Wednesday, 28 March 2012

ကျေးဇူးအထူးတင်ရှိခြင်း......

လင်းရောင်ခြည်အသင်းမှ ယနေ့27.3.2012 အင်္ဂါနေ့တွင် လှိုင်သာယာ အောင်ဇေယျာမင်းဘုန်း ကြီးကျောင်း
အနီးတွင် မီးဘေးသင့်ခဲ့သော အိမ်ခြေ140 အတွက် အ၀တ်အစားများသွား ရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။
ကိုသန်းညွန့်အောင်ထံတွင်လက်ခံရရှိထားသော Mi Thi ထံမှ အ၀တ်ပုံးရှစ်ပုံးနှင့်တကွ မအိဖြိုးအောင်ထံ မှထပ်မံလက်ခံရှိထားသော အ၀တ်ပုံး2ပုံး အပါအ၀င် အမျိုးသမီး/သား နှင့်ကလေးအ၀တ်ထည်များအား
မီးဘေးသင့်သောအိမ်ခြေ (140)လုံးအတွက် သွားရောက်လှုဒါန်းခဲ့ပါသည်.. အကြောင်း အမျိုးမျိုးကြောင့်သွားရောက် လှူဒါန်းမည့်နေ့ရက်နှင့် နေရာအား စာမျက်နှာပေါ်တွင်ကြိုတင်အသိမပေးဖြစ်ပါသဖြင့် လင်းရောင်ခြည်မှ
အက်မင်များ အားလုံး ကိုယ်စားတောင်းပန်အပ်ပါသည်။ သွားရောက်လှူဒါန်းထားသည့်မှတ်တမ်းတင်ပုံများအား
ကုသိုလ်ပွားနိုင်ရန် အတွက် တင်ပြလိုက်ပါသည်။
ယခုအလှူအတွက်သွားရာတွင်ကားခ 15000 အား ကိုထွန်း ကိုချစ်ကို ကိုဇော်မင်းထွန်းတို့မှ တဦးလျှင် 5000 ကျပ်စီကျခံ လှူဒါန်းထားပါသည်။ ထိုကားခအား ကားအလှူရှင်ကိုမင်းမင်းတို့မှ လက်မခံပါသဖြင့် နောက်အလှူအတွက် လိုအပ်သည့်နေရာတွင်သုံးရန် ကိုထွန်း ကိုချစ်ကို နှင့်ကိုဇော်မင်းထွန်းတို့မှ ဆန္ဒရှိပါသဖြင့် Myat Thu ထံတွင် 15000 ကျပ် အသင်းအထွေထွေစရိတ်အတွက်လက်ခံမှတ်တမ်းတင်ထားပါသည်။ အလှူရှင်များအားလဲအထူးပင်ကျေးဇူးတင်ရှိပါသည်။
ကားအလှူအတွက်လဲ ကိုမင်းမင်းအဲကွန်းဆားဗစ်မှအကိုနှစ်ယောက်အား ကျေးဇူးအထူးတင်ပါသည်။ စိတ်ရှည်လက်ရှည်နဲ့အလှူပြီးတဲ့အထိစောင့်ပေးပြီး အဖွဲ့များအိမ်တိုင်ရာရောက် သဘောထားကြီးစွာ ပြန်လိုက်ပို့ပေးတဲ့အတွက်လဲအဖွဲ့ဝင်များကိုယ်စားအထူးကျေးဇူးတင်ရှိပါသည်။။။

လင်းရောင်ခြည်ပရဟိတ လူမှုကူညီရေးအသင်း မိသားစု

လင်းရောင်ခြည်ပရဟိတ လှိုင်သာယာမြို့နယ် မီးဘေးအလှူ(27.3.2012)





















လင်းရောင်ခြည်မိသားစုမှသွားရောက်လှူဒါန်းခဲ့ကြသော လှိုင်သာယာမီးဘေးသင့်အိမ်ခြေ(140)အတွက်အလှူမှတ်တမ်းဓါတ်ပုံများ....